ပရောဂျက်အမည်: e-Commerce System

လုပ်ငန်းအပ်နှံသူ: ရွှေရည်ဦးရတနာရွှေဆိုင်

လုပ်ငန်းအကျဉ်းချုပ်:

ဤပရောဂျက်တွင် ရတနာပစ္စည်းမျိုးစုံကို အွန်လိုင်းတွင် အဆင်ပြေလွယ်ကူစွာ ရောင်းချနိုင်သည့်စနစ်တစ်ခုကို ရွှေရည်ဦး Gems & Jewellery ကုမ္ပဏီအတွက် အကောင်အထည်ဖော်တည်ဆောက်ပေးခဲ့ပါသည်။ ဤစနစ်တွင် system ကို ထိန်းချုပ်နိုင်သည့် admin user နှင့် ပစ္စည်းဝယ်ယူမည့် buyer user စသဖြင့် user အမျိုးအစား ၂ မျိုး အဓိက ပါဝင်ပါသည်။

e-Commerce စနစ်၏ အဓိကလုပ်ဆောင်ချက်များ 

  • ကုန်ပစ္စည်းများကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ခြင်း
  • ပစ္စည်းဝယ်ယူခြင်းကို လွယ်ကူစွာပြုလုပ်နိုင်ခြင်း
  • ကုန်ပစ္စည်းပို့ဆောင်ရမည့်လိပ်စာများကို လွယ်ကူစွာ သိမ်းဆည်းထားနိုင်ခြင်း
  • ပရိုမိုးရှင်းအတွက် ကူပွန်ကုဒ်များ ပြုလုပ်နိုင်ခြင်း
  • စျေးဝယ်ခြင်းတောင်းအတွင်းရှိ ကုန်ပစ္စည်းများကို အချိန်နှင့် တပြေးညီဖော်ပြပေးထားခြင်း
  • ဝယ်ယူသူအတွက် သက်ဆိုင်သည့် ကုန်ပစ္စည်းများကို အလိုအလျောက် ပြသပေးထားခြင်း
  • ဝယ်ယူသူများကို အော်ဒါအခြေအနေများအား အချိန်နှင့်တပြေးညီ အကြောင်းကြားပေးခြင်း
  • ဝယ်ယူသူများမှ မိမိတို့ဝယ်ယူခဲ့ပြီးသော ပစ္စည်းများအား မှတ်ချက်ပေးနိုင်ခြင်း

Admin userများအတွက် လုပ်ဆောင်ချက်များ 

  • sytemအသုံးပြုသူများအား စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)
  • ကုန်ပစ္စည်းများအား စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)
  • အမှာစာများအား စီမံခန့်ခွဲခြင်း (ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း)
  • ကူပွန်ကုဒ်များအား စီမံခန့်ခွဲခြင်း (အသစ်ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း၊ ပယ်ဖျက်ခြင်း)
  • ဝယ်ယူသူတို့၏ မှတ်ချက်များအား စီမံခန့်ခွဲခြင်း (ကြည့်ရှုခြင်း၊ ပယ်ဖျက်ခြင်း)
  • ကြော်ငြာများထည့်သွင်းခြင်း
  • အစီရင်ခံချက်များထုတ်ယူခြင်း (ဇယား, ဂရပ်, Excel ဖြင့်ရယူခြင်း)

Buyer userများအတွက် လုပ်ဆောင်ချက်များ 

  • အကောင့်အသစ်များ ကိုယ်တိုင် လွယ်ကူစွာပြုလုပ်နိုင်ခြင်း
  • ပရိုဖိုင်ရှိ အချက်အလက်များကို ပြင်ဆင်မှုများ ပြုလုပ်နိုင်ခြင်း
  • ပစ္စည်းဝယ်ယူမှုများပြုလုပ်နိုင်ခြင်း
  • စျေးဝယ်ခြင်းထဲတွင် ဝယ်ယူလိုသည့်ပစ္စည်းများကို လွယ်ကူစွာသိမ်းဆည်းထားနိုင်ခြင်း
  • မိမိနှစ်သက်သောပစ္စည်းများကို Favourite List ဖြင့် မှတ်သားထားနိုင်ခြင်း
  • ဝယ်ယူခဲ့သော မှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်ခြင်း
  • မိမိဝယ်ယူထားသောပစ္စည်းအတွက် order status များကို အချိန်နှင့်တပြေးညီ update သိရှိနိုင်ခြင်း

📌📱 စိတ်ဝင်စားသူများအနေဖြင့် ဤအပလီကေးရှင်းကို အောက်ဖော်ပြပါရုပ်ပုံလေးကိုနှိပ်၍ Apple App Store နှင့် Google Play Store တွင် အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါသည်။ 👇👇👇

error: