powered by Advanced iFrame

 

ပရောဂျက်အမည်: သင်တန်းဝက်ဘ်ဆိုဒ် ဒီဇိုင်းရေးဆွဲခြင်းနှင့်တည်ဆောက်ခြင်း

လုပ်ငန်းအပ်နှံသူ: Zaw Class သင်တန်းကျောင်း

လုပ်ငန်းအကျဉ်းချုပ်:

ဤပရောဂျက်တွင် Zaw Class သင်တန်းကျောင်း၏ အကြောင်းအရာများနှင့် သတင်းအချက်အလက်များကို ပြည့်စုံစွာဖော်ပြပေးထားသည့် ဝက်ဘ်ဆိုဒ်တစ်ခုကို ဒီဇိုင်းရေးဆွဲ ဖန်တီးပုံဖော်ပေးထားပါသည်။ ဤသို့ လုပ်ငန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီဖော်ပြထားသည့်အတွက် မိမိတို့လုပ်ငန်းကိုစိတ်ဝင်စားသည့် မိဘပြည်သူများအားလုံးအတွက် သိလိုသည့်အချက်အလက်များရှာဖွေရန်နှင့် စုံစမ်းဆက်သွယ်မှုများပြုလုပ်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေမည် ဖြစ်ပါသည်။

ထို့အပြင် သင်တန်းသားများအနေဖြင့် သင်တန်းစာရင်းသွင်းခြင်း၊ မိမိတို့နှစ်သက်ရာ သင်ခန်းစာများကို အွန်လိုင်းမှတဆင့် လေ့လာသင်ယူမှုများပြုလုပ်နိုင်ခြင်း၊ သင်ခန်းစာများ၏ ပြီးစီးမှုအခြေအနေများကို ရှင်းလင်းစွာသိရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
သင်တန်းကျောင်းအနေဖြင့်လည်း သင်ခန်းစာအသစ်များကို လွယ်ကူစွာထည့်သွင်းနိုင်ခြင်း၊ သင်တန်းကြေးများ သတ်မှတ်ခြင်း၊ သင်တန်းသားများနှင့် သင်တန်းအပ်နှံမှုအခြေအနေများကို စီမံခန့်ခွဲနိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Mobile Responsive ဒီဇိုင်းဖြစ်သည့်အတွက် ဝက်ဘ်ဆိုဒ်ကို ကွန်ပျူတာ၊ တက်ပလက်နှင့် မိုဘိုင်းဖုန်း အစရှိသည့် မည်သည့် device မျိုးဖြင့်မဆို အဆင်ပြေစွာကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

ဝက်ဘ်ဆိုဒ်အညွှန်း: Zaw Class